လူတွေသိမှ အလွမ်းလို့ မည်မယ်ဆိုရင် ငါ မင်းကို မလွမ်းချင်တော့ဘူး . . . ။

နေ၀န်း

ငါနှင့် မနက်ခင်း အသစ်များ


ငါနှင့် မနက်ခင်း အသစ်များ


မနက်ခင်းက အားလုံကိုဝါးမျို

ထားသိုမှုတွေက မတည်ကြည်

ဖြစ်တည်မှုသမိုင်းမှာတော့

နေရီရီ အနမ်းတွေ

တခန်းရပ်ခဲ့ပြီပေါ့

လွမ်းလိုက်တာ စပယ်ညိုရယ် . . . ။


နေ၀န်း




ကျွန်ုပ်၏ . . .

♠♠♠ နှောင်ကြိုး ♠♠♠


တွေကဆုံခဲ့တာ မဆန်းပေမဲ့

စွဲလန်းနေတာ ဆန်းနေတယ်

ခဏ ခဏ မတွေ့ရပေမဲ့

ပြင်းပြင်း ရှရှနဲ့

တသသ လွမ်းမိတယ် . . .

ရင်ထဲ ရှိပေမဲ့

ဖွင့်မပြောမိတာ ဘာကြောင့်လဲ

သံယောဇဉ်ကို အရောင်ဆိုးချင်တာ မဟုတ်ခဲ့ဘူး

အချိန်တွေ ပြောင်း

ရာသီတွေ ဟောင်းရင်း

သံယောဇဉ်တွေ အရောင်ရင့်ခဲ့တာပါ . . .

အရောင်မဆိုးပါဘူး

တွယ်တာမှုနဲ့ မြတ်နိုးလာတာ ..

အဝေးကို ထွက်မပြေးဖို့

ကြိုးတွေကို ထပ်တိုးချင်တယ်

သိမ်းပိုက်ခြင်းတော့ ကင်းပါတယ် . . . ။


နေ၀န်း




♠ ပျံသန်းခြင်း - ၁ ♠

ဂျစ်ပဆီ အိမ်မက်

တေလေ တစ်ယောက်ရဲ့ တွေဝေမှု့မျိုးနဲ့ .... ငါ... အနာဂါတ်ကို
လျှောက်လှမ်းနေမိတယ် … လေပြေတချို့ ရဲ့ ဒသနနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့
ငါ့ အတိတ်ဟာ ... လှပခဲ့ လိမ့်မယ် ဒါပေမယ့်... ယစ်မူးစရာကောင်းတဲ့
လင်းလက်မှု့မျိုး မဟုတ်တာတော့ သေချာတယ်...

နေခြည်...
ခိုလှုံခွင့်ပေးပါ လေလွင့်လာတဲ့ ရေစိုငှက်နှစ်ကောင်ကိုပေါ့ …နွေးထွေးမှု့တွေလည်း ပေးလှည့်ပါ အသိုက်အမြုံ မရှိတော့ တဲ့ ငှက်ငယ်နှစ်ကောင်ကိုပေါ့....
တောင်းပန်ပါတယ် လေပြင်းရယ်...
အနာဂါတ်မှာ ခဏလေးပဲ ဖြစ်ဖြစ် သာယာမှု့တွေ ပေးလှည့်ပါ …
ငါ့ နှလုံးသားတွေ ချမ်းလွန်းလို့ ကြည်ဖြူမယ်ဆိုရင် ရေကြည်တစက်လောက်
တိုက်လှည့်ပါ...ငါ့ နှလုံးအိမ်တွေ မောလွန်းလို့ ..
မနက်ခင်းရေ... တောက်ပမှု့တွေကင်းနေတဲ့ ငါ့အဆွေတော် မျက်လုံးတစုံကတောင် အနာဂါတ်ကိုကြောက်ရွံ့နေတယ်ထင်ရဲ့…
သူတို့တွေေ၀၀ါးနေကြတယ်...

တေးသီငှက်ဖတကောင်လို ကာရံမဲ့ တေးသွားတွေကို ဆိုငြီးပြီး လောကထဲ
ခရိးထွက်ခဲ့တယ်… ကြယ်ရောင်လောက် မလင်းပေမယ့် လင်းသလောက်နဲ့
အားပေးဖေါ်ရတဲ့ ပိုးစုန်းကြူးတကောင်ရဲ့ လမ်းပြမှု့ကြောင့် ရေးတေးတေး
ကောက်ကြောင်းတချို့ဟာ လူသွားလမ်းပဲလို့ ငါမြင်ခဲ့ တယ်.. ဒါပေမယ့်
ချစ်သူ ဆိုးဝါးတဲ့ ၀ိညာဉ်တွေရဲ့ လှိုင်းဒဏ်ကြောင့် နွေကမ္ဘာရဲ့ ရွက်ကြွေသံ
တခြောက်ခြေက် ကြားမှာ တဖြောက်ဖြေက်နဲ့ ငါ့ အိမ်မက်တွေ
ပျောက်ဆုံးခဲ့ရတယ်လေ . . . ။

နေ၀န်း

♠ ပျံသန်းခြင်း ♠

မာယာများတဲ့ လောကဓံ


ဘ၀ကို
အံစာတုံး တစ်ခုလို
လှည့်ကွက်တွေ အမျိုးမျိုးနဲ့
လောကဓံကို အံတုဖို့
ငါ.. ကြိုးစားခဲ့တယ်.....
မြင့်မားတဲ့ တောင်တန်းတွေကို
ကျော်ဖြတ်ခဲ့ရသလို
လှိုင်းကြမ်းတဲ့ ပင်လယ်ပြာတွေကိုလည်း
ကူးခတ်ခဲ့ရတယ်....
ချိုသာတဲ့ ကျေးငှက်တချို့ရဲ့
လှည့်ဖျားသံတွေ အဆုံးမှာတော့
ငါဟာ လောကကြီးကို
မှောက်လျက်ကူးနေပြီပေါ့ . . . ။


နေ၀န်း