အိပ်မက် အခန်းပျက်များ

မေ့မရတဲ့ အတိတ်တွေ

အရိပ်လိုပဲ

အမြဲကပ်လိုက်နေတယ် ၊

မေ ရေ ..

ဒီလိုညတွေမှာပေါ့

အမှောင်တံခါးတွေဖွင့်

နွမ်းရင့်ရင့် အလွမ်းတွေနဲ့

မောင် ကျူးဟစ် မိတယ်

“ မေ့ ကိုလွမ်းတယ် ” လို့ ၊

အမှောင်ကိုခွင်း

အလင်းရောက်ပြန်တော့လည်း

အတိတ်ည နဲ့ အိပ်မက်အခန်းပျက်တွေ အကြောင်း

လွမ်းကောင်းဆဲပေါ့ ၊

ဒီလိုနဲ့ ..

ရင်ထဲမှာ

မြူနှင်းတွေ ဝေကြပြန်ပြီလေ ...။


နေ၀န်း