ငါနှင့် မနက်ခင်း အသစ်များ
မနက်ခင်းက အားလုံကိုဝါးမျို
ထားသိုမှုတွေက မတည်ကြည်
ဖြစ်တည်မှုသမိုင်းမှာတော့
နေရီရီ အနမ်းတွေ
တခန်းရပ်ခဲ့ပြီပေါ့
လွမ်းလိုက်တာ စပယ်ညိုရယ် . . . ။
နေ၀န်း
ငါနှင့် မနက်ခင်း အသစ်များ
မနက်ခင်းက အားလုံကိုဝါးမျို
ထားသိုမှုတွေက မတည်ကြည်
ဖြစ်တည်မှုသမိုင်းမှာတော့
နေရီရီ အနမ်းတွေ
တခန်းရပ်ခဲ့ပြီပေါ့
လွမ်းလိုက်တာ စပယ်ညိုရယ် . . . ။
နေ၀န်း
♠♠♠ နှောင်ကြိုး ♠♠♠
တွေကဆုံခဲ့တာ မဆန်းပေမဲ့
စွဲလန်းနေတာ ဆန်းနေတယ်
ခဏ ခဏ မတွေ့ရပေမဲ့
ပြင်းပြင်း ရှရှနဲ့
တသသ လွမ်းမိတယ် . . .
ရင်ထဲ ရှိပေမဲ့
ဖွင့်မပြောမိတာ ဘာကြောင့်လဲ
သံယောဇဉ်ကို အရောင်ဆိုးချင်တာ မဟုတ်ခဲ့ဘူး
အချိန်တွေ ပြောင်း
ရာသီတွေ ဟောင်းရင်း
သံယောဇဉ်တွေ အရောင်ရင့်ခဲ့တာပါ . . .
အရောင်မဆိုးပါဘူး
တွယ်တာမှုနဲ့ မြတ်နိုးလာတာ ..
အဝေးကို ထွက်မပြေးဖို့
ကြိုးတွေကို ထပ်တိုးချင်တယ်
သိမ်းပိုက်ခြင်းတော့ ကင်းပါတယ် . . . ။
နေ၀န်း