ကျွန်ုပ်၏ . . .

♠♠♠ နှောင်ကြိုး ♠♠♠


တွေကဆုံခဲ့တာ မဆန်းပေမဲ့

စွဲလန်းနေတာ ဆန်းနေတယ်

ခဏ ခဏ မတွေ့ရပေမဲ့

ပြင်းပြင်း ရှရှနဲ့

တသသ လွမ်းမိတယ် . . .

ရင်ထဲ ရှိပေမဲ့

ဖွင့်မပြောမိတာ ဘာကြောင့်လဲ

သံယောဇဉ်ကို အရောင်ဆိုးချင်တာ မဟုတ်ခဲ့ဘူး

အချိန်တွေ ပြောင်း

ရာသီတွေ ဟောင်းရင်း

သံယောဇဉ်တွေ အရောင်ရင့်ခဲ့တာပါ . . .

အရောင်မဆိုးပါဘူး

တွယ်တာမှုနဲ့ မြတ်နိုးလာတာ ..

အဝေးကို ထွက်မပြေးဖို့

ကြိုးတွေကို ထပ်တိုးချင်တယ်

သိမ်းပိုက်ခြင်းတော့ ကင်းပါတယ် . . . ။


နေ၀န်း




0 comments: