♠ ပျံသန်းခြင်း - ၁ ♠

ဂျစ်ပဆီ အိမ်မက်

တေလေ တစ်ယောက်ရဲ့ တွေဝေမှု့မျိုးနဲ့ .... ငါ... အနာဂါတ်ကို
လျှောက်လှမ်းနေမိတယ် … လေပြေတချို့ ရဲ့ ဒသနနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့
ငါ့ အတိတ်ဟာ ... လှပခဲ့ လိမ့်မယ် ဒါပေမယ့်... ယစ်မူးစရာကောင်းတဲ့
လင်းလက်မှု့မျိုး မဟုတ်တာတော့ သေချာတယ်...

နေခြည်...
ခိုလှုံခွင့်ပေးပါ လေလွင့်လာတဲ့ ရေစိုငှက်နှစ်ကောင်ကိုပေါ့ …နွေးထွေးမှု့တွေလည်း ပေးလှည့်ပါ အသိုက်အမြုံ မရှိတော့ တဲ့ ငှက်ငယ်နှစ်ကောင်ကိုပေါ့....
တောင်းပန်ပါတယ် လေပြင်းရယ်...
အနာဂါတ်မှာ ခဏလေးပဲ ဖြစ်ဖြစ် သာယာမှု့တွေ ပေးလှည့်ပါ …
ငါ့ နှလုံးသားတွေ ချမ်းလွန်းလို့ ကြည်ဖြူမယ်ဆိုရင် ရေကြည်တစက်လောက်
တိုက်လှည့်ပါ...ငါ့ နှလုံးအိမ်တွေ မောလွန်းလို့ ..
မနက်ခင်းရေ... တောက်ပမှု့တွေကင်းနေတဲ့ ငါ့အဆွေတော် မျက်လုံးတစုံကတောင် အနာဂါတ်ကိုကြောက်ရွံ့နေတယ်ထင်ရဲ့…
သူတို့တွေေ၀၀ါးနေကြတယ်...

တေးသီငှက်ဖတကောင်လို ကာရံမဲ့ တေးသွားတွေကို ဆိုငြီးပြီး လောကထဲ
ခရိးထွက်ခဲ့တယ်… ကြယ်ရောင်လောက် မလင်းပေမယ့် လင်းသလောက်နဲ့
အားပေးဖေါ်ရတဲ့ ပိုးစုန်းကြူးတကောင်ရဲ့ လမ်းပြမှု့ကြောင့် ရေးတေးတေး
ကောက်ကြောင်းတချို့ဟာ လူသွားလမ်းပဲလို့ ငါမြင်ခဲ့ တယ်.. ဒါပေမယ့်
ချစ်သူ ဆိုးဝါးတဲ့ ၀ိညာဉ်တွေရဲ့ လှိုင်းဒဏ်ကြောင့် နွေကမ္ဘာရဲ့ ရွက်ကြွေသံ
တခြောက်ခြေက် ကြားမှာ တဖြောက်ဖြေက်နဲ့ ငါ့ အိမ်မက်တွေ
ပျောက်ဆုံးခဲ့ရတယ်လေ . . . ။

နေ၀န်း

1 comments:

ူလေလွင့် said...

ဂျစ်ပဆီ အိမ်မက်

တေလေ တစ်ယောက်ရဲ့ တွေဝေမှု့မျိုးနဲ့ .... ငါ... အနာဂါတ်ကို
လျှောက်လှမ်းနေမိတယ် … လေပြေတချို့ ရဲ့ ဒသနနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့
ငါ့ အတိတ်ဟာ ... လှပခဲ့ လိမ့်မယ် ဒါပေမယ့်... ယစ်မူးစရာကောင်းတဲ့
လင်းလက်မှု့မျိုး မဟုတ်တာတော့ သေချာတယ်...
အဲနေရာလေး မိုက်တယ်
လေလွင့်