မျက်ရည်လောကများ၏ဟိုမှာဘက်

ပန်းချီထူးနှင့် နွေဦးရေ
ဝါရွှေရွှေ ဟောဟိုတောက
ကြွေလွင့်သူ ရွက်နှင့်ရောလို့
မှုန်ပြာရီ လေနယ်ကြောမှာ
မျောပျောက်တော့မလားဖန်ဆင်းရှင် ၊

“ .....
မတားသာပါ…
သွားမှာကိုဘယ်သူတားနိုင်လိမ့်
သနားကာ ထားချန်ဖြစ်တယ်ထင့်
ကျန်ရစ်မြေ နွေမဆိတ်ပါလား
နိမိတ်ပုံတသီတတန်းရယ်နှင့်
စိတ်ဝိညာဉ် ပန်းချီခန်းမှာ
နွေဦးရေ …
လွမ်းပျော်မွှေ့ကြီး ... ”


( တက္ကသိုလ်ဘုန်းနိုင် )

0 comments: