အတိတ်ရဲ့ မျက်ခင်းပေါ်
ကောင်းကင် ရှိုက်သံတွေဖုံး
တိမ်လုံးဝ ကင်းစင်တော့မှ
ပင်လယ်က အရယ်ရပ်လိုက်တယ် ..
အပြာရောင် လေညှင်းက
နေညိုချိန် အလွမ်းကို ဂုဏ်ပြုလိုက်တာ
ကျဆုံးခန်းက
တခမ်းတနားပေါ့ ၊
ကောင်မလေး ရေ . .
ငါ့ မျက်ရိုင်းလွင်ပြင် မှာတော့
အချိန်မတန်ဘဲ
ကြယ်တွေ တဝုန်းဝုန်းနဲ့ ခုန်ဆင်းနေကြပြီ ၊
ဒီလိုနဲ့ . .
ပင်လယ် က ငို နေ ညိုသွားရင်
မင်း မျက်ဝန်း ညိုညိုတွေကို
တမ်းတမ်းတတ လွမ်းရအုံးမယ် ၊
အဲဒီ အလွမ်းတွေပိုက်ရင်း
ဟိုအဝေးက အိပ်တန်းကို
ဘယ်လို တောင်ပံ တွေနဲ့
ငါ . ပျံသန်းရမလဲကွယ် . . ။
နေဝန်း
0 comments:
Post a Comment